Tuesday 9 June 2015

ငါကြောက်လွန်းလို့ ပါ...............

နောက်ထပ် မညာပါနဲ့တော့

ခပ်ပါးပါးလေးပေမယ့်

တုံးအ လွန်းတဲ့ငါ့နှလုံးသားက

ငါအမှတ်မရှိစွာ.....

ထပ်ယုံကြည်မှာကြောက်လို့ ပါ....။

ငါ့ကို.....ပြုံးမပြပါနဲ့တော့

ဟန်ဆောင်အပြုံးတွေကြားမှာ

အခါခါလဲကျသေဆုံးခဲ့တဲ့

ငါ့ရင်ခုန်သံကို

ငါမုန်းလွန့် လို့ ပါ ..................။

ကျေးဇူးပြုပြီး

နင်ငါ့ကိုစာနာတယ်ဆိုရင်

ဟန်ဆောင်တာတွေ ခ၀ါချလို့

နင်လာရာလမ်းကိုပြန်သွားပါတော့ဟာ

လှည့်စားမှုနဲ့...အတုအယောင်းတွေကို

ငါကြောက်လွန်းလို့ ပါ................................။

No comments:

Post a Comment