Tuesday 9 June 2015

ငါပိုင်ဆိုင်ခဲ့ရတာ....

ငါလွမ်းနေတာ
နင်မသိပေမယ့် 
ခံစားနေရတာတွေ
ရင်ဘတ်က နာနေတယ်.......။

ချစ်တဲ့ အကြောင်းလေးတွေ
နင်မကြားနိုင်ပေမယ့် 
တိုးတိုးလေးအမြဲပြောနေမိတာ
နင့် နှလုံးသားထိရောက်အောင်ပေါ့.....။

ရေခြားမြေခြား
ကမ္ဘာခြားလည်း
အမြဲတမ်း နင့် ကိုချစ်နေမယ်....။

တကယ်တော့
တမ်းတခြင်း
လွမ်းဆွေးခြင်း
ငိုကြွေးခြင်းတွေကို
ငါမပိုင်ဆိုင်ချင်ပါဘူး....။

ဒါပေမယ့် ..
နင်နဲ့ ပတ်သက်ပြီး
အကုန် ပိုင်ဆိုင်ခဲ့ရတယ်
ဘယ်လောက်ထိ
နာကျင်ခံစားရတယ်ဆိုတာ
ငါကိုယ်ငါအသိဆုံးပါဟ.........။

No comments:

Post a Comment