Friday 5 June 2015

တစ်ခါတစ်ရံ..

တစ်ခါတစ်ရံ....ငါစိတ်ဆိုးစိတ်ကောက်တာကို

ဗွေမယူပါနဲ့ .....ငါဖြစ်ချင်တိုင် ဖြစ်မလာတဲ့အခါ

ငါဆန္ဒလေးတွေ ထုတ်ဖော်ချင်တဲ့ သဘောနဲ့ ပါ...။

တစ်ခါတစ်လေ....စိတ်အခန့် မသင့်လို့ 

အမှတ်တမဲ့..ပြောလိုက်တဲ့စကားတွေကိုလည်း

ဗွေမယူပါနဲ့ ....နင်ရင်ထဲမှာ ငါတကယ်ရှိရဲ့လားလို့ 

သိချင်တဲ့ ဆန္ဒလေးတွေကြောင့်ပြောဖြစ်တာပါ.....။

တစ်ခါတစ်ရံ...ငါပြောလိုက်တဲ့စကားတွေကို

နားလည်ရခက်တယ်ဆိုပြီ...ဥပေက္ခာမပြုလိုက်ပါနဲ့ 

ဖြစ်ချင်တဲ့ဆန္ဒလေးတွေကို...နည်းလမ်းတစ်မျိုးနဲ့ 

ထုတ်ဖော်ပြောပြတာ...ဖြစ်လို့ ပါ..........................။

No comments:

Post a Comment