Thursday 11 June 2015

အဲဒီထိချစ်နေမှာလို့ ပါ..

ဘယ်လောက်ထိချစ်သလဲလို့တော့

မမေးပါနဲ့ ..

ရင်ထဲကနေနင့်နေအောင်ကိုချစ်တာ

ဘယ်လောက်ထိလွမ်းသလဲလို့တော့

မမေးပါနဲ့ .

အသက်ရှုတဲ့အချိန်ရယ် .အသက်ပြန်ရှုထုတ်တဲ့အချိန်ရယ်လွမ်းတယ်

ဘယ်လိုအချစ်မျိုးနဲ့ ချစ်သလဲလို့တော့

မမေးပါနဲ့ ..

အဆုံးမရှိတဲ့ infinity လိုအချစ်မျိုးနဲ့ ချစ်တယ်

ဘယ်အချိန်ထိချစ်မှာလဲလို့ တော့

မမေးပါနဲ့ ......

လက်ညှိုးတစ်ချောင်းပဲထောင်ပြမယ်

တစ်ရက်လား..? တစ်နှစ်လား.......? ရက်တစ်ရာလား........?လို့ တော့

မမေးပါနဲ့ ........

ဒီကမ္ဘာမြေပြင်ကြီးပျက်သုဉ်းသွားတဲ့တနေ့ အထိချစ်နေမှာလို့ ပါ............

No comments:

Post a Comment