Thursday 11 June 2015

မနက်ဖြန်တိုင်းမှာ....

နင့်မရှိတဲ့ နေ့ရက်တွေကိုဖြတ်သန်းနေရတာ

ငါတစ်ယောက်တည်း နေသားကျခဲ့ပြီထင်ခဲ့တာ

မလွယ်ကူပါဘူး

ပြီးဆုံးသွားတဲ့ သက္ကရာဇ်တွေထဲမှာ

ငါဖြတ်သန်းနေရတာ ပြက္ခန်ဒိန် တစ်ရွက်၊ တစ်ရွက်ကို

ဆုပ်ဖြဲနေတိုင်း ငါမျှော်လင့်နေဦးမယ်...

ငါရဲ့နေ့ ၊ညတွေကုန်လွန်သွားပါစေ

ငါရဲ့ အတွေးထဲနင်ရှိနေသ၍

မနက်ဖြန်တိုင်းမှာ ငါနင့်ကိုသတိတရ မျှော်နေရအုံးမယ်...ချစ်သူ....။

No comments:

Post a Comment