Tuesday 9 June 2015

ခံနိုင်ရည်ဆိုတာလည်း................

အလွမ်းတွေဝင်လာတိုင်

အသံတိတ် ငိုကြွေးခဲ့ရပါတယ်

တစ်ခါတုန်းက အဖြစ်အပျက်တွေကို

ပြန်တွေးမိတိုင်းပေါ့.....။

အထီးကျန်နေ့ရက်တွေကို

ရေတွက်မိတိုင်းလေ

တိတ်တဆိတ်လေးစောင့်စားခဲ့ရပါတယ်

အသည်းတစ်နေရာမှာ

အရမ်းချစ်ရတဲ့သူတစ်ယောက်ကို

သတိတရ နဲ့ ပြန်ရောက်လာမဲ့အချိန်ကို................။

အဖျစ်ဖျစ်နာကျင်တဲ့

နှလုံးသားမှာ အလွမ်းတွေက

ဒဏ်အဖြစ် နှိပ်စက်ပြိး ခပ်ပါးပါးလှီးနေတဲ့

အတ္တတွေကြောင့် ခံနိုင်ရည်ဆိုတာလည်း

ဆွေးမြေ့နေတဲ့ ကျူထရံသာသာပါပဲ

တကယ်လုံးပါးပါးခဲ့ရတယ်..............။


ထာဝရ
6.9.2013

No comments:

Post a Comment