Thursday 11 June 2015

မေးခွန်း..?

ငါ..မသိတတ်တာလေးတွေ ရှိရင်

ငါကို သင်ပြ ၊ဆုံးမပေးနိုင်မလား

ဒါမှမဟုတ်....

ငါကို အပြစ်တင်ဝေဖန်နေမလား....?

ငါ..ဆိုးနွဲ့ ခဲ့မိတယ်ဆိုရင်

ငါကို ခလေးတစ်ယောက်လို ချစ်ပေးနိုင်မလား

ဒါမှမဟုတ်....

ငါကို အပိုတွေလုပ်တယ်ဆိုပြီး အမြင်ကတ်နေမှာလား...?

ငါရဲ့ အလိုက်မသိ၊ ညံ့ဖျင်းမှုလေးတွေ

ထောက်ပြ၊ ပြုပြင်ပေးနိုင်မလား

ဒါမှမဟုတ်.....

ငါကိုတုံလိုက်တဲ့သူ..ဆိုပြီ..ပစ်ထားမလား..ချစ်သူ...?

No comments:

Post a Comment