Tuesday 9 June 2015

ငါနင်ကို မခွဲနိုင်အောင်....အရမ်းချစ်ခဲ့ရလို့ ပါ........။

နင်ရှေ့ဒူးထောက်နေတယ်ဆိုတာ

အရှက်မရှိ ၊ မာန မရှိလို့ မဟုတ်ဘူးနော်

နင်ကိုမခွဲနိုင်အောင်...အရမ်းချစ်ခဲ့ရလို့ ပါ....။

တောင်းပန်ခယနေတယ်ဆိုတာ

နင်သဘောမကျတာတွေ လုပ်ခဲ့လို့

ခွင့်လွတ်စေချင်တာမဟုတ်ဘူးနော်

နင်ကိုမခွဲနိုင်အောင် ...အရမ်းချစ်ခဲ့ရလို့ ပါ....။

နင်လုပ်ရပ်တွေကို မသိတာ မဟုတ်ဘူးနော်

အမှတ်မရှိတာလည်း မဟုတ်ဘူးချစ်သူ

မငိုကြွေးခဲ့ဖူးတာလည်း...မဟုတ်ဘူး...

ဒါပေမဲ့....ဘယ်လိုတွေဖြစ်သွားသွားး

ငါအတွက်...နင်မရှိလို့ မှ မ ဖြစ်တာ

ငါနင်ကို မခွဲနိုင်အောင်....အရမ်းချစ်ခဲ့ရလို့ ပါ........။

ထာဝရ
10.9.2013

No comments:

Post a Comment