Tuesday 9 June 2015

ထာဝရထက်.......ပို

လွမ်းတယ်လို့  တသသမပြောတော့ပါဘူး

စိတ်ကူး၊ အိပ်မက်တွေထဲ အမြဲစိုးမိုးနေပြီးသာမို့ လို့ ပါ...။

ချစ်တယ်လို့  ခဏခဏမပြောတော့ပါဘူး

ရင်ထဲက အနက်ရှိုင်းဆုံးနေရာအထိ နင်ရှိနေပြီးသာမို့ လို့ ပါ...။

ဆိုးနွဲ့ ပီးလည်း တယုတယမပြောတော့ပါဘူး

တစ်ခုခု နင်နာကျင်သွားမှာ ပိုစိုးရိမ်းနေခဲ့ရလို့ ပါ.........။

ရင်ထဲက ခံစားချက်တွေကိုလည်း နင်သိအောင်မပြောတော့ပါဘူး

ထာဝရထက် ပိုတဲ့အချစ်တွေနဲ့ ..နင်ကို ပိုချစ်ခဲ့ရလို့ ပါ....................။

ထာဝရ
11.9.2013

No comments:

Post a Comment