Thursday 11 June 2015

အသင်လူ

အို..အသင်လူသား

နင့်နှလုံးသားရဲ့ ဖျားယောင်းမှုကြောင့်

ခံစားခဲ့ရတဲ့ငါ့နှလုံးသားမှာ

သွေးများစွာယိုစီးဆင်းကာ

မြစ်တစ်စင်းအသွင်ပြောင်းခဲ့ပြီ..။

ထိုမြစ်ချောင်းထဲမှ

ငါ့ကိုယ်တိုင်ရုန်းမထွက်နိုင်ခဲ့..။

ထိုသွေးများစီးဆင်းမှုရပ်တန့်ဖို့လဲ

မဖြစ်နိုင်တော့ဘူး......။

တဆစ်ဆစ်နဲ့နာကျင်နေရတဲ့

ငါ့နှလုံးသားလေး

တစ်ဖြည်းဖြည်းပြိုကွဲခဲ့ရပြီ..။

နှလုံးသားလေးရဲ့ အလယ်မှာ

အက်ကွဲကြောင်းတစ်ခုကငါ့အတွက်

သေရာပါဒဏ်ရာတစ်ခုဖြစ်နေခဲ့ရပြီ...။

No comments:

Post a Comment