Friday, 5 June 2015

နင်သာ ပြန်လာခဲ့မယ်ဆို

နင်သာ နားထောင်ပေးမယ်ဆို
ပြောချင်တဲ့စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ အကြောင်းအရာတွေ
နားလည်ပေးမယ်ဆို
ရှင်းပြချင်တဲ့ စကားလုံးတွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်.......

နင်သာ စာနာမှူနဲ့  ပြန်ချစ်မယ်ဆို
ပေးဆပ်စရာ အချစ်တွေ
ရင်ဘက်ထဲမှာ အပြည့်ရှိတယ်......

နင်သာ ပြန်လာခဲ့မယ်ဆို
အရှုံးပေးစရာနဲ့ 
ရင်ဘက်ထဲမှာ
ခွင့်လွတ်ကြင်နာခြင်းတွေ အပြည့်ရှိတယ်.....

ရင်ဘတ်ထဲမှာတော့  နင့်အတွက် နေရာအပြည့်ပါပဲ ချစ်သူ

အက္ခရာ

No comments:

Post a Comment