Tuesday 9 June 2015

အချစ်က....................

အချစ်က ပန်းလေးတစ်ပွင့်ဖြစ်ခဲ့မယ်ဆို
အဲဒီပန်းလေး ရှင်သန်ကြီးထွားဖို့အတွက်
မေတ္တာရေစင်များနေ့ စဉ် ဖြန်းပက်ပြီး..
အမြဲတမ်းလှပဖို့  ပြုစုပျိုးထောင်သွားမယ် ချစ်သူ..

အချစ်က သစ္စာတရားဆိုရင်
အဲဒီသစ္စာတရားကို မြင်လို့ ရအောင်
တစ်သက်လုံး ငါစောင့်စည်းသက်သေပြသွားမယ်...ချစ်သူ

အချစ်က ကတိတစ်ခုဖြစ်ခဲ့မယ်ဆိုရင်
အဲဒီကတိကို ထာဝရထိတည်မြဲအောင်
ငါထိန်းသိမ်းစောင့်ရှောက်သွားမယ်...ချစ်သူ...။

No comments:

Post a Comment