Tuesday 9 June 2015

အစအဆုံးမရှိချစ်ခြင်းနဲ့ ....

မမုန်းဘူးနော်

ဘယ်လိုတွေ ဖြစ်သွားသွား ငါမမုန်းဘူး...

ခံရခက်နေလည်...စူးစူးနစ်နစ်.....ဆက်ချစ်နေဦးမယ်....။

ခွဲမသွားဘူးနော်

ဘယ်တော့မှ ခွဲသွားဖို့ မတွေးဘူး

ဖွဲ့ထုံးရစ်နှောင်ထားတဲ့....အလွမ်းလှောင်အိမ်ထဲ

နင့်အငွေ့အသက်တွေနဲ့....ငါပျော်မွေ့ နေအုံးမယ်....။

အဆုံးစမရှိဘူးနော်

ဘယ်တော့မှ မဆုံးဆိုတာ မရှိဘူး

ရင်ခုန်သံတွေ ဝေရီမူးယစ်ပြီ...

ကိုယ်မျှော်လင့်ချက်တွေလဲ နွှံ့အိုင်ထဲမှာလူးလွန့် လို့ 

ကမ်းပျောက်နေခဲ့လဲ....ကိုယ့် ဆက်ချစ်နေအုံးမယ်

ဒါဟာ....အဆုံးစမဲ့ငါရဲ့ချစ်ခြင်းတွေပါ.....................။

No comments:

Post a Comment