Thursday 11 June 2015

သိနိုင်ပါ့မလားးး

မပြေပြစ်တဲ့
အပြောတွေရဲ့ နောက်ကွယ်မှာ
ကြေကွဲမှုတွေ ရှိနေခဲ့တာ..

မာကျောချင်ယောင်
ဆောင်ခဲ့တဲ့နှလုံးသားက
ပုံစံမပျက် မွမွကြေနေခဲ့တာ....

ဟားတိုက်
ရယ်မောခြင်းရဲ့
နောက်ကွယ်က နေ့စဉ်ရက်စက်
ငိုကြွေးခဲ့ရတဲ့ မျက်ရည်စက်တွေရှိနေတာ

အဲဒါတွေ
အပြင်
ချရေးလို့မရတဲ့
စကားလုံးတွေ ရင်မှာအပြည့်ရှိနေတယ်ဆိုတာ
သူသိနိုင်ပါ့မလား...?????

No comments:

Post a Comment