Tuesday 9 June 2015

မုန်းမရ ၊ မေ့မရပေါ့

ယုံကြည်မှု...တည်ဆောက်ထားတဲ့...

အချစ်တစ်ခု

လေတစ်ချက်တိုက်ရုံနဲ့ 

ပြိုပျက်သွားနိုင်သလား...???

အကြွင်းမဲ့ယုံထားမှုတွေ

အလွဲသုံးစား

လုပ်ရက်ခဲ့သလား.....???

ထားရာနေ.........

စေရာသွား ..အနားမှာအဆင်သင့်

ရှိနေခဲ့တာမို့ 

အလေးအနက်မထားခဲ့တာလား.....???

သေရာပါမဲ့..........ဒဏ်ရာတွေပေးရစ်ခဲ့တဲ့နင့်ကို

နာကျဉ်အောင် မေ့ပစ်ချင်ပေမဲ့

မပြတ်သားတဲ့ သံယောဇဉ်ကြိုးတွေက

ရစ်ပတ်တွယ်ဆဲ မုန်းမရ...နာကျဉ်မရနဲ့ ပေါ့.....။

No comments:

Post a Comment