Friday 5 June 2015

နင့်နဲ့ငါ့ကြား... အလွမ်းတွေဖန်ဆင်းသွားတာလဲကွယ်...

ကာရံတွေပျောက်ဆုံး

တေးသီချင်းတို့ဆိတ်သုံး

နင့်နဲ့ငါ့ကြား...

အလွမ်းတွေဖန်ဆင်းသွားတာ

ဘယ်သူတွေလဲကွယ်..............

အလွမ်းညမှာ ဂစ်တာကိုင်

တေးသီချင်လေးတွေကိုညင်းဆိုရင်

သတိရတဲ့စိတ်တွေနဲ့

အနားနားမှာ နင့်ရှိမနေခဲ့တာကို

ကြယ်တွေတောင်ငိုမိတယ်................

ရင်မှာမွန်းကြပ် အလွမ်းထပ်ဆင့်

ရင်မှာအုံဖွဲ့  နွမ်းလျလို့ 

ယောင်ခြာယောင်တိနဲ့ 

ကုစားခြင်းမဲ့ စိတ်လည်းဖောက်ပြန်

တွေ့ ရန်တမ်းတ လွမ်းသမျှအံတင်း

ချစ်သူဒီလိုဘ၀မျိုးမှ

ခဏထိုးထွက် လွတ်မြောက်ခွင့်ပေးပါကွယ်.........

ထာဝရ
17.9.2013

No comments:

Post a Comment