Tuesday 9 June 2015

အချစ်...ကြောင့်

( အချစ် )

နင်ကြောင့် ငါ့နှလုံးသားတွေ ကွဲကြေ
မျက်ရည်တွေလည်း ခြွေခဲ့ရဖူးပြီ .....။

(အချစ် )

နင့်ကြောင့် ငါ့ဘ၀ရည်မှန်းချက်လမ်းတွေကို
စမ်းတ၀ါးနဲ့ လျှောက်ခဲ့ရဖူးပြီးပြီ............။

(အချစ် )

နင်ကြောင့် ငါမျှော်လင့်ချက်တွေ တောက်ပခဲ့ဖူးသလို
စိတ်ကူးအိပ်မက်တွေလည်း
တစ်စစီ ပြိုကွဲခဲ့ရပြီးပြီ ...။

(အချစ် )

ရူးလောက်အောင် ချစ်ခဲ့ဖူးလို့ 
တစ်ဘ၀လုံး ရှုံးရမယ်ဆိုရင်
လွမ်းလို့ ကျန်ရစ်မယ့်ဒီရင်ဘတ်အတွက်
နင့်ပေးတဲ့အပြစ်က ကြီးမားလွန်းပါတယ်...။

ထာဝရ
6.9.2013

No comments:

Post a Comment