Thursday 11 June 2015

အလွမ်းတွေပိုင်ဆိုင်ခွင့်

နင့်ငါကိုပေးနိုင်တာ

အလွမ်းတစ်ခုပဲရှိတယ်ဆို

ငါကျေနပ်ပါတယ်

နင့်ငါကို လုပ်ပေးနိုင်တာ

လမ်းခွဲခြင်းဆိုရင်လဲ

ငါကျေနပ်ပါတယ်

နင့်ထားရစ်ခဲ့ရင်တောင်

သတိရခြင်းတွေ

လွမ်းဆွတ်ခြင်းတွေ

ချစ်နေခွင့်လေးတွေ

ငါပိုင်ဆိုင်ခွင့်ရှိသေးတယ်လေ...။

No comments:

Post a Comment