အမှတ်မရှိတဲ့နှလုံးသားက
နင့်အတွက်နဲ့နာကျင်မှုတွေကိုတောင်
ချိုမြိန်စွာစားသုံးရင်း....
နင့်အတွက်အဆင်သင့်ဖြစ်နေခဲ့တာ
ဒါနဲ့တောင်နင်ပေးခဲ့တာက
ငါ့အပေါ်..အသုံးချမှုတစ်ခုတဲ့လား...
ကြေမွ နေတဲ့ နှလုံးသားနဲ့ရပ်တည်ခဲ့တဲ့
ဒဏ်ရာတွေနဲ့လူပါ
ပုံအော့ပြီ လောင်းခဲ့တဲ့
ငါ့နှလုံးသားအတွက်
မာနလေးတစ်ခုနဲ့
ရပ်တည်ကျန်ရစ်ခွင့်လေး
ထားခဲ့ပေးပါ......
နင့်အတွက်
လှပတဲ့သံစဉ်တွေနဲ့
တည်ဆောက်ထားတဲ့
ချစ်ခြင်းတစ်ခုပိုင်ဆိုင်နိုင်ပါစေလို့
ငါဆန္ဒပြုလိုက်ပါတယ်...
No comments:
Post a Comment