မပင်ပန်းပါဘူး...........ချစ်သူ
လွမ်းနေရတဲ့ အလွမ်းတွေကို
ဖက်တွယ်ရင်း.................
နင့် ကမ်းပေးမဲ့ လက်တစ်စုံကို
စောင့်မျှော်နေတယ်ဆိုတာတော့
မမေ့ပါနဲ့ ...............................
စိတ်ဓာတ်မကျပါဘူး......ချစ်သူ
အကွာအဝေးတွေကို မေ့ထားရင်
မျှော်လင့်ချက်တထွေးတပိုက်နဲ့ 
နင့် နှလုံးသားဆီကို လှမ်းလာခဲ့ပါမယ်
အရှုံးမပေးပါဘူး......ချစ်သူ
ဝမ်းနည်းမှုတွေကို ဖြတ်ကျော်ရင်း
နင့်ဆီကို ယုံကြည်မှုတစ်ခုနဲ့ 
ငါလျှောက်လှမ်းလာမယ်
ငါကို မချစ်တော့ဘူးလို့ တော့
မပြောလိုက်ပါနဲ့ ........................။
No comments:
Post a Comment