ရင်ထဲမကောင်းဘူး
မျိုချမိတဲ့ အခါးတွေအတွက်
ရင်ထဲက မခံမရပ်နိုင်စွာ
လဲလဲကျနေခဲ့ရတယ်.......။
အစွန့်ပစ်ခံတစ်ယောက်ရဲ့ကောင်းကင်မှာ
အသားမာတတ်နေတဲ့ တိမ်တိုက်တွေရှိတဲ့
သူ့ရဲ့ရင်ထဲမှာလည် ခြေစုံကန်ထွက်သွားတဲ့
တစ်ယောက်သောသူ ရှိခဲ့တယ်........။
ခုတော့ခပ်ဖွဖွနင်းခံထားရတဲ့
ခါးသက်တဲ့အဆိပ်လက်ကျန်တွေကို
မေ့ဖျက်ဖို့ ခဏခဏအစိမ်းသေ” သေ ” ခဲ့ရပြီ...။
No comments:
Post a Comment