ဘဝနဲ့ဦးဏှောက်က
အပြင်းအထန်ကန့်ကွက်နေတာတောင်
မနာခံတက်တဲ့ရင်ဘက်တစ်စုံက
နင့်ရှေ့မှာအနူးအညွတ်တောင်းဆိုနေတာ
အဖြူရောင်ချစ်ခြင်းသက်သက်ဆိုတာနင်မသိလို့ လားချစ်သူ...။
မတွေးတော့ဘူး ၊ ရင်မဆိုင်တော့ဘူးလို့ 
ခါးသီးစွာဆုံးဖြတ်မိတိုင်း...
တစ်စစ်စစ်နာကျင်တဲ့နှလုံးသားက
ထွက်သက်ဝင်သက်တွေကို ရပ်တန့်သွားစေလောက်အောင်
ပြင်းထန်တယ်ဆိုတာ နင်မသိလို့ လားချစ်သူရယ်.....။
You can do as you like..ဆိုတဲ့စကား
ရင်ထဲမှာခါးနေအောင် နာနေတယ်ဆိုတာ နင့်မသလို့ လားချစ်သူရယ်...။
ဘာကိုတွေးတွေး၊ဘယ်နေရာကိုကြည့်ကြည့်
ဟာလာဟင်လင်းနဲ့မျှော်လင့်ချက်တွေပျောက်ဆုံး
ပျော်ရွင်မှုတွေဆိတ်သုန်းခဲ့ရတဲ့အဓိကတရားခံဟာနင်ပါလို့
အဖြစ်အပျက်တွေကသက်သေခံနေတာတောင်
ချစ်တက်လွန်းတဲ့နှလုံးသားကလက်မခံပါလား.....ချစ်သူရယ်...။
ဒီလိုနဲ့ပဲ..........
ခုတော့.....
နင့်မသိချင်ဟန်ဆောင်ထားတဲ့
ဒဏ်ရာတွေ အထပ်ထပ်နဲ့ ငါ.............။
No comments:
Post a Comment