Monday, 6 July 2015

နင့်လက်ကိုတွဲပြီ............။

အဆုံးသတ်ခက်လှတဲ့ ချစ်ခြင်းတွေနဲ့ အတူ

နင့်လက်ကိုတွဲပြီ ခဏလောက်တော့

ပျှော်ရွှင်ချင်မိတယ်.............ချစ်သူ


နင့်လက်ကိုတွဲပြီး ဟိုဟိုဒီဒီ လျှောက်သွားချင်တယ်

နင့်ဖျော်တိုက်မဲ့ ကော်ဖီတစ်ခွက် ငါသောက်ချင်မိတယ်

နင့်ပြောတဲ့ဘ၀အကြောင်းတွေ ငါစိတ်လှုပ်ရှားစွာ

နားထောင်ချင်မိတယ်

ငါရှေ့မှာ ရှိမဲ့ နင့်မျက်နှာလေးကို မြတ်နိုးစွာ

ငေးကြည့်ရင်

မဆုံးနိုင်တဲ့ မျှော်လင့်ခြင်းတွေနဲ့  နင့်လက်ကိုတွဲပြီး

ရှင်သန်သွားချင်တယ်..........................ချစ်သူ.......။

No comments:

Post a Comment