ပေးဆပ်ခဲ့သမျှအရာရာ
တောင်းပန်ပါတယ်ဆိုတဲ့တစ်ခွန်းနဲ့ 
နင်စိတ်ကြိုက်ကစားဖို့
ပျော်တော်ဆက်ငါက
မပြေလည်တဲ့ခဏ
ကွက်လပ်ဖြည့်ရုံ...ပေါ့နော်
မညီမျှခြင်းတွေလား
သွေးအေးခြင်းတွေလား
အချစ်ကို ကိုးကွယ်သူကအရှုံးဆို
ငါကစုတ်ပြတ်သတ်ခဲ့ရတယ်
ရင်ထဲကမပါခဲ့တဲ့အချစ်များအတွက်လည်
အရာရာကိုကျေးဇူးတင်လို့...
ကျေနပ်ပိတိတွေဖြစ်ခဲ့ရဖူးတယ်....
မလွမ်းကြေးလို့
ပြောဖို့အားမရှိသလို့ 
မေ့ပစ်လိုက်ပါ့မယ်လို့ 
ပြောဖို့လဲ သတိမရှိခဲ့သေးပါဘူး
တစ်ခုတော့ရှိတယ်
နင့်ဆော့ခဲ့တဲ့ ငါနှလုံးသားကိုတော့ ပြန်မသနားပါနဲ့နော်....ချစ်သူ....။
No comments:
Post a Comment