Monday, 13 July 2015

ထွက်ပြေးပါရစေ....................

နှုတ်ဆိတ်မှုနဲ့ ဆွံအသွားခဲ့တာပါ
အတွေးတွေကိုလည် မစုစည်းနိုင်ခဲ့ဘူး
တွေးရင်းမော မောရင်းဆွေး
အဖော်မဲ့စွာနဲ့ ကဗျာတွေချချရေးရင်း...

ပျော်ရွှင်ခဲ့ဖူးတဲ့ ပုံရိပ်တွေကို မြင်ယောင်ရင်းနဲ့
ကဗျာမမှီတဲ့ အလွမ်းမျက်ရည်ကို သွန်ချဖို့
ငါ့မျက်ဝန်းက မျက်ရည်တွေလည်ခမ်းခြောက်ခဲ့တယ်...

ပုံရိပ်ဟောင်းတွေကို
အလွမ်းဒဏ္ဍာရီ အဖြစ် ချရေးရင်း...
ငါ.......အတိတ်ကနေခဏတော့
ထွက်ပြေးပါရစေ......................

No comments:

Post a Comment