နင်..ငါပေါ်ဂရုတစိုက် အလေးမထားခဲ့ဘူး
ငါနားလည်ပေးတယ်...
ငါချစ်သူတာဝန်တွေပိနေတာမို့လို့ ဆိုပြီ...
နင်..ငါအတွက် အချိန်မပေးအဖော်မလုပ်ပေးခဲ့ဘူး
ငါနားလည်ပေးတယ်
ငါချစ်သူအလုပ်တွေ အရမ်းများနေတာမို့ လို့ ဆိုပြီ..
နင်..အတိတ်ကအကြောင်းတွေပဲပြောပြောဖြစ်တယ်
ငါနားလည်ပေးတယ်
ငါချစ်သူ...သူကိုလွမ်းနေတတ်သေးတာပဲဆိုပြီ...
ဒါပေမဲ့
တကယ်လို့ပေါ့..ချစ်သူ
တနေ့ နေ့ မှာ...
ငါရဲ့ အချစ်တွေ
ပျောက်ဆုံးကုန်လို့ 
မကြင်နာနိုင်တော့ဘူးဆိုရင်
ငါကိုလဲ...
နင်..နားလည်ပေးဖို့..မမေ့ပါနဲ့ နော်.....
No comments:
Post a Comment