Monday, 13 July 2015

ငါနေခဲ့တာပါ........

စွန့် ပစ်လိုက်တာ မဟုတ်ဘူးချစ်သူ
နင်သဘောကျတဲ့နေရာမှ ငါမနေပေးခဲ့တာပါ

လှည့်ထွက်သွားတာ မဟုတ်ဘူးချစ်သူ
နင်မမြင်စေတဲ့ ငါ့မျက်နှာ ကို ငါလွဲပေးထားတာပါ

ငါဘာမှမဖြစ်တာ မဟုတ်ဘူးချစ်သူ
နင့်ကို ငါကိုနှောက်ယှက်မိမှာစို့ လို့ ငါသီးသန့် နေတာပါ

ငါမချစ်တာမဟုတ်ဘူး
ငါမလွမ်းတာမဟုတ်ဘူး
ငါမမြင်ချင် မတွေ့ချင်တာမဟုတ်ဘူး

နင်ဖြစ်စေချင်နေတာတွေ ငါမျက်ရည်နဲ့ရင်း
ဖြည့်စည်းပေးနေခဲ့တာ ...........
နင့် ပျှော်ရွှင်ဖို့ ....ငါနှလုံးသားကို
အနက်ဆုံးနေရာထိ တိုးဝှက်ဖွက်ထားခဲ့တာပါ.......

No comments:

Post a Comment