Saturday, 11 July 2015

ငါကိုယ်ငါ စိတ်ဆိုးတယ်...

ပြတ်သားစွာနဲ့

မေ့လိုက်ပါဆိုတဲ့ စကားတခွန်း

နင်မပြောတာတော့

ငါ စိတ်ဆိုးတယ် ချစ်သူ

မျှော်လင့်ချက်မရှိပေမယ့်

မျှော်လင့်နေမိတဲ့ ငါ့ကိုယ်ငါလည်း

ငါစိတ်ဆိုးတယ်.............
..............
ဒါကြောင့်.......
ငါအဆင်ပြေပါတယ်
နေသားကျနေပါပြီလို့ ပြောရင် ယုံပေးပါ..

မဟုတ်ရင် ငါအဆင်မပြေသေးတာ
နင့်သိသွားမှာစို့ လို့ ပါ.....။

မချစ်တတ်တော့၊
ခါးသီးသွားပြီလို့  ပြောရင် လက်ခံပေးပါ..

မဟုတ်ရင် နင့်ကိုချစ်ခဲ့တာတွေ
နင့်မြင်သွားမှာစို့ လို့ ပါ...။

No comments:

Post a Comment