Monday, 6 July 2015

သူ............ကျနော်ချစ်သူ

သူ....စိုးရိမ်ကြီးစွာ...ပွစီပွစီ လုပ်တတ်ပြီ

ခဏခဏ တားမြစ်ချက်တွေနဲ့ 

ချပ်ချယ်တတ်သူ......သူက

ကျနော်ရဲ့ ချစ်သူပါ.....။

သူ....ဘယ်လိုအနောက်ယှက်မျိုးမဆို

ကိုယ်ပေါ်မကျရအောင် ဘေးကနေ

ကိုယ်ကို ထိန်းမတ်ကာကွယ်ပေးတတ်သူ

ကျနော်ရဲ့ ချစ်သူပါ......။

သူ....ကိုယ်ရဲ့အခက်အခဲတွေမျှဝေခံစားပေးသူ

ကိုယ်ရဲ့ လိုအပ်ချက်တွေ ထောက်ပြဖေးမသူ

စကားလုံးလှလှတွေ နဲ့ မပြောဆိုတတ်ပေမဲ့

ကျနော်ကို စိုးရိမ်စွာ စောင့်ရှောက်တတ်သူ.....

သူက....ကျနော်အတွက် မရှိမဖြစ်လိုအပ်သူ....

သူက ...ကျနော် သိပ်ချစ်ရတဲ့ ကျနော်ရဲ့ချစ်သူ.....။

No comments:

Post a Comment