"သူ့ကိုဘာကြောင့်ချစ်ရတယ်"ဆိုတဲ
အကြောင်းပြချက်တွေ မလိုဘူး
ကိုယ်ပျော်သည်ဖြစ်စေ၊ စိတ်ညစ်သည်ဖြစ်စေ
ကိုယ့်ဘေးမှာ သူရှိစေချင်ခဲ့တယ်
တကယ်အချစ်ဆိုတာ
အခက်အခဲကြုံချိန်
လက်တွဲမဖြုတ်ခဲ့ဘဲ
တောင်းဆိုမှုတွေ မများဘဲ
အချင်းချင်း ပေးဆပ်နေတာပဲဖြစ်လို့ ပါ.....။
...........................................................................
ချစ်သူတွေ လမ်းခွဲပြီးနောက်
သူငယ်ချင်းဆက် မဖြစ်နိုင်တော့ဘူး
တစ်ယောက်ကိုတစ်ယောက် ဒဏ်ရာရခဲ့စေလို့
ချစ်သူတွေ လမ်းခွဲပြီးနောက်
ရန်သူလည်း မဖြစ်နိုင်ဘူး
တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ဖူးလို့
ချစ်သူတွေ လမ်းခွဲပြီးနောက်
အရင်းနှီးဆုံး သူစိမ်းတွေပဲ ဖြစ်ခဲ့ကြတယ်။
No comments:
Post a Comment