Wednesday, 8 July 2015

အသင့်

ငါအနားက ထွက်သွားဖို့ 

အဆင်သင့်ဖြစ်နေပြီဆိုမှတော့

အကြောင်းပြချက်ဆိုတာ

ငါအတွက် မလိုအပ်တော့ပါဘူး....။

ငါရခဲ့တဲ့အချစ်က

ရင်ခုန်သံတစ်ခုထည်းနဲ့ပဋပ်ရိုက်ခဲ့မို့ 

အခြေမခိုင်ပြိုလဲခဲ့မယ်ဆိုရင်

ခံနိုင်ရည်ရှိဖို့လည် ငါသွေးမကြောင်ပါဘူး....။

အေးစက်ဖြစ်နေပြီးဖြစ်တဲ့

ံနင့်ရဲ့ခံစားမှုတွေကို အသက်သွင်းဖို့မကြိုးစားမနေပါနဲ့တော့

နင့်နှလုံးသားကိုအပြစ်တင်ဖို့ ငါမလုပ်ပါဘူး..............။

No comments:

Post a Comment