တံခါးတစ်ခု
ငါ့နှလုံးသားကိုတံခါးမခေါက်စရာမလိုပဲ ၀င်လာပါ
ပြီးတော့
ထွက်သွားမယ်ဆိုလည် နှုတ်မဆက်ပဲနဲ့ထွက်သွားပါ
ငါ့နှလုံးသားထဲမှာတော့တံခါးတစ်ချပ်
နင့်အတွက်အမြဲဖွင့်ထားပါတယ်
နင့်အတွက် ၀င်ပေါက်နဲ့ ၊ထွက်ပေါက်အသုံးပြုဖို့ ပေါ့
=====================================
=====================================
ငါ့အတွက်နေ့ရက်များဟာ
မွန်းကျပ်စွာ
နေ့နဲ့ညတွေ
ဖြတ်ကျော်ခဲ့ရတယ်.....
ယုံကြည်ပါ
မပြောလိုပါဘူး....
အတွေးစတို့ ရဲ့ ရှေ့ဆုံး
နင့်ကိုသတိရတာတွေက နေရာယူလို့ 
နင့်အကြောင်းပဲတွေးနေမိခဲ့တယ်........
ရင်မှာတမ်းတ နွမ်းလျလျနဲ့ 
နင့်
ပျော်ရွှင်ဖို့အတွက် ငါနင့်ကို
အဝေးတစ်နေရာက
ငေးကြည့်နေတော့မယ်...............။
No comments:
Post a Comment