နက်ရှိုင်းစူးရှတဲ့
နှလုံးသားက စကားတချို့ကို..
နင့်အတွက်...ငါ ကဗျာအဖြစ်ရေးစပ်ပေးခဲ့မယ်....
ခါးသက်တဲ့အလွမ်းချိုချို နဲ့ 
တရှိုက်မက်မက်အနမ်းအချို့က
ငါ တောင်းတနေတဲ့ကမ္ဘာမှာ နင့်ရဲ့နွေးထွေးမှုပေါ့.......
နှောင်တွယ်ခဲ့တဲ့ သံယောဇဉ်တချို့မှာ
ခုတော့လွမ်းငွေ့ တွေ စိုစွတ်ခဲ့လို့..
နင့်ရဲ့... နှလုံးသားမှာ ငါကချစ်ခြင်းရဲ့ ဘာသာဗေဒကို
သင်ကြားပေးခွင့်ရချင်ခဲ့မိသူပါ.....................
နင့်ပေးတဲ့အချစ်ဆိုတဲ့ ဘာသာရပ်မှာ
ငါ့အတွက် ကြက်ခြေခတ်တွေနဲ့ ဝေးရပါစေရဲ့
မင်းရဲ့အမုန်းနဲ့  ၊ စွန့် လွှတ်ခြင်းတွေကို
ဘ၀သေဆုံးသွားတာထက်...
ငါက ...ပိုကြောက်နေမိသူပါ....
No comments:
Post a Comment