♪♥♪♥✞♥ချစ်သူသိစေချင်တယ်♥✞♥♪♥♪
ကယ်တွေကိုငေးကြည့်တိုင်း
ရူးလိုက်တာကွာလို့ မင်းပြောမလား….
ကြယ်တွေကြားမှာ မင်းအရိပ်လေးကို
တွေ့ခွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ငါရူးသွပ်မိတာပါ………………..
သီချင်းလေးတွေကို ဆိုညဉ်းတိုင်း
မိုက်လိုက်တာဆိုပြီး မင်းရီနေမလား
သံစဉ်တွေကြားမှာ မင်းအသံလေးတစွန်းတစများ
ကြားခွင့်ရမလားဆိုပြီး
ငါမိုက်မဲစွာသီဆိုနေတာပါ………..
ချစ်တယ်လို့ပြောမိလိုက်တိုင်း
အပေါစားဆန်လိုက်တာဆိုပြီး မင်းလှောင်နေမလား
မင်းမလိုချင်တဲ့ ငါ့အချစ်တွေရဲ့တန်ဖိုးကို
တနေ့တော့နားလည်လာနိုင်ဖို့ ငါတောင့်တရင်း
မိုက်မိုက်မဲမဲနဲ့ ရူးသွပ်စွာ ချစ်နေခဲ့ရတာပါ……….။
ရူးလိုက်တာကွာလို့ မင်းပြောမလား….
ကြယ်တွေကြားမှာ မင်းအရိပ်လေးကို
တွေ့ခွင့်ရရင်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ငါရူးသွပ်မိတာပါ………………..
သီချင်းလေးတွေကို ဆိုညဉ်းတိုင်း
မိုက်လိုက်တာဆိုပြီး မင်းရီနေမလား
သံစဉ်တွေကြားမှာ မင်းအသံလေးတစွန်းတစများ
ကြားခွင့်ရမလားဆိုပြီး
ငါမိုက်မဲစွာသီဆိုနေတာပါ………..
ချစ်တယ်လို့ပြောမိလိုက်တိုင်း
အပေါစားဆန်လိုက်တာဆိုပြီး မင်းလှောင်နေမလား
မင်းမလိုချင်တဲ့ ငါ့အချစ်တွေရဲ့တန်ဖိုးကို
တနေ့တော့နားလည်လာနိုင်ဖို့ ငါတောင့်တရင်း
မိုက်မိုက်မဲမဲနဲ့ ရူးသွပ်စွာ ချစ်နေခဲ့ရတာပါ……….။
♥♥♥☂☂ရင်နာနေတာ သေချာတယ်☂☂♥♥♥
အိပ်မက်တွေဆိုတာ မရေရာပါဘူး....
ဒါပေမယ့် ငါမက်ခဲ့မိတယ်.......
အနာဂတ်တွေဆိုတာ မသေချာဘူး....
ဒါပေမယ့် ငါမျှော်လင့်ခဲ့မိတယ်......
နှလုံးသားရဲ့ စကားသံတွေ
ဆွံ့အခဲ့ရချိန်မှာ.....
ချစ်ခဲ့ရဖူးတဲ့ စာမျက်နှာဟောင်းတွေကို
ငါ...ရင်နာနာနဲ့
ပြန်ဖတ်ကြည့်နေမိတယ်...
တကယ်တော့....
ငါဟာ..
မင်းအချစ်ကိုပိုင်ဆိုင်နိုင်ခဲ့ပြီလို့
ထင်ခဲ့မိတဲ့....
ခပ် တုံးတုံး လူတစ်ယောက်ပါ...
သေချာတာကတော့
ငါ...ရင်နာနေရပြီလေ........။ ။
ဒါပေမယ့် ငါမက်ခဲ့မိတယ်.......
အနာဂတ်တွေဆိုတာ မသေချာဘူး....
ဒါပေမယ့် ငါမျှော်လင့်ခဲ့မိတယ်......
နှလုံးသားရဲ့ စကားသံတွေ
ဆွံ့အခဲ့ရချိန်မှာ.....
ချစ်ခဲ့ရဖူးတဲ့ စာမျက်နှာဟောင်းတွေကို
ငါ...ရင်နာနာနဲ့
ပြန်ဖတ်ကြည့်နေမိတယ်...
တကယ်တော့....
ငါဟာ..
မင်းအချစ်ကိုပိုင်ဆိုင်နိုင်ခဲ့ပြီလို့
ထင်ခဲ့မိတဲ့....
ခပ် တုံးတုံး လူတစ်ယောက်ပါ...
သေချာတာကတော့
ငါ...ရင်နာနေရပြီလေ........။ ။
♥♥♥☂☂သိစေချင်တယ်♥♥♥☂☂
မင်းထင်သလို မဟုတ်ခဲ့ပါဘူး
ခဏတာစွဲလန်းပြီး အမြဲတမ်းမေ့မယ်ဆိုတဲ့
မှတ်ချက်စကားတွေကို ပြန်ရုပ်သိမ်းပေးပါ
မင်းမချစ်ရင်နေ ငါ့အချစ်ကိုမစော်ကားသင့်ဘူး
မင်းတွေ့ဖူးသမျှပေါ့ပျက်ပျက် လူတွေထဲမှာ
ငါမပါဘူး.........
မျှော်လင့်ချက်တွေဖောဖောသီသီပေးပြီး
နောက်ဆုံးကျမှ ရိုက်ချိုးတတ်တာ
မင်းရဲ့အကျင့်တစ်ခုလား......
ငါလဲလူပဲ
အသည်းမမာတော့ အသည်းနာတတ်တာကို
မင်းသိသင့်တယ်
မေ့ဖို့မလွယ်လဲ ငါကြိုးစားမယ်
ဘယ်လောက်ပဲနာကြင်နေပါစေ ငါရအောင်မေ့မယ်
တစ်ခုပဲ........
ငါမင်းကိုချစ်တာ မင်းထင်တာထက်ပိုပြီး
လေးနက်ခဲ့တယ်ဆိုတာကိုတော့
မင်းသိစေချင်တယ်...........
ခဏတာစွဲလန်းပြီး အမြဲတမ်းမေ့မယ်ဆိုတဲ့
မှတ်ချက်စကားတွေကို ပြန်ရုပ်သိမ်းပေးပါ
မင်းမချစ်ရင်နေ ငါ့အချစ်ကိုမစော်ကားသင့်ဘူး
မင်းတွေ့ဖူးသမျှပေါ့ပျက်ပျက် လူတွေထဲမှာ
ငါမပါဘူး.........
မျှော်လင့်ချက်တွေဖောဖောသီသီပေးပြီး
နောက်ဆုံးကျမှ ရိုက်ချိုးတတ်တာ
မင်းရဲ့အကျင့်တစ်ခုလား......
ငါလဲလူပဲ
အသည်းမမာတော့ အသည်းနာတတ်တာကို
မင်းသိသင့်တယ်
မေ့ဖို့မလွယ်လဲ ငါကြိုးစားမယ်
ဘယ်လောက်ပဲနာကြင်နေပါစေ ငါရအောင်မေ့မယ်
တစ်ခုပဲ........
ငါမင်းကိုချစ်တာ မင်းထင်တာထက်ပိုပြီး
လေးနက်ခဲ့တယ်ဆိုတာကိုတော့
မင်းသိစေချင်တယ်...........
♪♥♪♥✞♥ချစ်သူကြားစေ♥✞♥♪♥♪
ချစ်မိပြန်ချေ အသည်းကြွေကာ
ရင်ဝယ်နေမင်း ဆယ်စင်းပူသို့
မချိခံသာ နေလာရာဝယ်
ပြုံးနုအေးမြ မြင်ပါရမူ
ရင်မှာအပူငြိမ်းသည်သို့…………
ရင်ဝယ်နေမင်း ဆယ်စင်းပူသို့
မချိခံသာ နေလာရာဝယ်
ပြုံးနုအေးမြ မြင်ပါရမူ
ရင်မှာအပူငြိမ်းသည်သို့…………
မိုင်များခြားနေ တစ်မြေဆီမှာ
ရင်မှအလွမ်း နှိပ်စက်စွမ်းကြောင့်
အိပ်ပျက်ညတွေ အသင်္ချေလည်း
ချစ်သူ့မျက်နှာ မြင်ယောင်ရာတွင်
ဝေဒနာဖယ်ခွာပြေးသည်သို့…………
ရင်မှအလွမ်း နှိပ်စက်စွမ်းကြောင့်
အိပ်ပျက်ညတွေ အသင်္ချေလည်း
ချစ်သူ့မျက်နှာ မြင်ယောင်ရာတွင်
ဝေဒနာဖယ်ခွာပြေးသည်သို့…………
ချစ်စွာရင်မှာ ကြင်နာပါလည်း
သူကမချစ် ပြန်မကြင်နာ
ချစ်သူကွေကွင်း ဆင်းရဲခြင်းနှင့်
ကြုံနေရကား ၀ဋ်ကျွေးများကို
တွန်းလှန်ခြင်းငှာ မစွမ်းသာ၍
ရင်တွင်းမျက်ရည် သက်သေတည်ပြီး
ချစ်သူကြားစေ ကြယ်စင်တွေနှင့်
လေညှင်းစကား ငှက်ကျေးများပါ
သတင်းဆောင်ကာ ပြောပေးပါလေ
သူမကြင်နာ မချစ်ပါလဲ
ဆုံးသက်တိုင်စေ စောင့်စားနေကာ
ချစ်နေလျက်မြဲ ချစ်နေဆဲ……….။ ။
သူကမချစ် ပြန်မကြင်နာ
ချစ်သူကွေကွင်း ဆင်းရဲခြင်းနှင့်
ကြုံနေရကား ၀ဋ်ကျွေးများကို
တွန်းလှန်ခြင်းငှာ မစွမ်းသာ၍
ရင်တွင်းမျက်ရည် သက်သေတည်ပြီး
ချစ်သူကြားစေ ကြယ်စင်တွေနှင့်
လေညှင်းစကား ငှက်ကျေးများပါ
သတင်းဆောင်ကာ ပြောပေးပါလေ
သူမကြင်နာ မချစ်ပါလဲ
ဆုံးသက်တိုင်စေ စောင့်စားနေကာ
ချစ်နေလျက်မြဲ ချစ်နေဆဲ……….။ ။
ဒဿ ကို ယုံကြည်ခြင်း
ချစ်သူကို ရဖို့ အတွက်
သူတကယ်....အသက်ကိုရင်းခဲ့တယ်။
သူ......တကယ်လဲ ရရှိခဲ့ပါတယ်....
ဒါပေမဲ့.......
ယှဉ်မရတဲ့ ဘုန်းကံ......
ပြန်လှည့်မလာတဲ့......ချစ်သူရဲ့ ချစ်ခြင်း
မြတ်နိုးခြင်း....စွန့်လွှတ်ခြင်းတွေနဲ့ အတူ
သူအသက်ကိုပါပေးခဲ့တယ်။
သူ့ချစ်သူပျော်နေတဲ့အချိန်မှာ....
သူ....တိမ်တွေကြားမှာလား
ငရဲခန်းမှာလား.......သေချာတာကတော့
ချစ်ခဲ့ရခြင်းအတွက်....
သူတကယ်သေဆုံးသွားခဲ့တယ်ဆိုတာပဲ။
သေဆုံးချိန်မှာတောင်......
ရင်ကိုခွင်းတဲ့ မြှားတစ်စင်းကို ဆုပ်ကိုင်
ချစ်သူ.......ယိုင်လဲမသွားစေဖို့
ဆုတောင်းပေးခဲ့မယ်ထင်တယ်။
တကယ်တော့.......
ဒဿမှာလဲ......အသဲရှိမှာပါ။
သေချာကြည့်ကြပါဗျာ......
သူကျိုးစားခဲ့ပါတယ်။
ကျွန်တော်လဲ ယုံကြည်ပါတယ်
သူ...တကယ်ချစ်ခဲ့တယ်..........လို့။
ချစ်ခြင်းရဲ့အခြားမဲ့.....
မဟောင်းတဲ့အချစ်
အသစ်တွေဖြစ်ရင်း
ဒဏ်ရာတွေနဲ့ လှပခဲ့တာ
ဘာပဲဖြစ်ဖြစ်
ငါမင်းကိုစိတ်မနာဘူး…..
မင်းကြောင့်ကျတဲ့ မျက်ရည်တွေ
ငါ့အချစ်တွေနဲ့ အေးခဲစေမယ်
မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ငါ့မေတ္တာတွေက ကုစားပေးလိမ့်မယ်
ငါ့နှလုံးသားရဲ့တန်ဖိုးကို
နာကြင်ခြင်းတွေကဆုံးဖြတ်ပေးလိမ့်မယ်…….
မင်းနာမည်လေးတီးတိုးရေရွတ်လိုက်ရုံနဲ့
ငါ့ဝေဒနာတွေ အဝေးရောက်သွားစေတယ်….
ချစ်သူရယ်….
ငါလေ ဆုတောင်းချင်တယ်
နင်ယုံကြည်ထိုက်တဲ့သူဖြစ်ချင်တယ်
နင်အားကိုးလောက်တဲ့သူဖြစ်ချင်တယ်
နင်ခိုနားရာငါ ဖြစ်ချင်တယ်….
နင့်ကိုအေးမြစေချင်တယ်………..
နင်တောင့်တလိုက်တိုင်း ငါဖြည့်ဆည်းပေးချင်တယ်
တကယ်တော့လေ
ချစ်ခြင်းရဲ့အခြားမဲ့မှာ ခွင့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အေးမြတဲ့မေတ္တာတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ စွန့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အနစ်နာခံခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ပေးဆပ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ဖြူစင်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ………
………………………………..
….. အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းတွေရှိနေတယ်
အသစ်တွေဖြစ်ရင်း
ဒဏ်ရာတွေနဲ့ လှပခဲ့တာ
ဘာပဲဖြစ်ဖြစ်
ငါမင်းကိုစိတ်မနာဘူး…..
မင်းကြောင့်ကျတဲ့ မျက်ရည်တွေ
ငါ့အချစ်တွေနဲ့ အေးခဲစေမယ်
မင်းကြောင့်ရတဲ့ ဒဏ်ရာတွေ
ငါ့မေတ္တာတွေက ကုစားပေးလိမ့်မယ်
ငါ့နှလုံးသားရဲ့တန်ဖိုးကို
နာကြင်ခြင်းတွေကဆုံးဖြတ်ပေးလိမ့်မယ်…….
မင်းနာမည်လေးတီးတိုးရေရွတ်လိုက်ရုံနဲ့
ငါ့ဝေဒနာတွေ အဝေးရောက်သွားစေတယ်….
ချစ်သူရယ်….
ငါလေ ဆုတောင်းချင်တယ်
နင်ယုံကြည်ထိုက်တဲ့သူဖြစ်ချင်တယ်
နင်အားကိုးလောက်တဲ့သူဖြစ်ချင်တယ်
နင်ခိုနားရာငါ ဖြစ်ချင်တယ်….
နင့်ကိုအေးမြစေချင်တယ်………..
နင်တောင့်တလိုက်တိုင်း ငါဖြည့်ဆည်းပေးချင်တယ်
တကယ်တော့လေ
ချစ်ခြင်းရဲ့အခြားမဲ့မှာ ခွင့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အေးမြတဲ့မေတ္တာတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ စွန့်လွှတ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ အနစ်နာခံခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ပေးဆပ်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ ဖြူစင်ခြင်းတွေရှိနေတယ်
ချစ်ခြင်းရဲ့အခြားမဲ့မှာ………
………………………………..
….. အဆုံးမသတ်နိုင်တဲ့ ချစ်ခြင်းတွေရှိနေတယ်
ချစ်သူရယ်…
တကယ်တော့အချစ်ဆိုတာ
အချစ်ချည်းသက်သက်ပါပဲကွယ်……….
အဲဒီလောက်အထိ
သူ့ကိုလေ....
လူတွေကလဲပြော၊ မေမေကလဲပြောနေတယ်
တော်တော်ဆိုးတဲ့ကောင်မလေးတဲ့.......
သူဆိုးတဲ့အကြောင်းကို
မေမေကလဲ မသိ၊ လူတွေကလဲမသိ
ကျွန်တော်ဘဲသိတယ်လေ.......
သူကလေ.......
ဆိုးပေမဲ့လဲ မလိမ်မာဘူး.......
ဟဲဟဲ မလိမ်မာပေမဲ့လဲ တော်တော်ဆိုးတာဗျ။
ဘာကြောင့်လဲသိလား.......
ဘယ်သူမှ မချစ်တဲ့ ကျွန်တော့်ကို
သူကတကယ်ချစ်ခဲ့တာမို့ပါ......
ဒါမျိုးကတော့ ကြိုက်သလောက်ဆိုး
ကိုယ်ကျိုးနဲရင် နဲသွားပါစေ.....
ချစ်နေမယ်။
အပြောခံပြီးတော့ကို ချစ်နေမယ်။
အဲဒီလောက်အထိ..................။
ခဏငှားပါ
သူ့ရဲ့မြှားချက်တွေက
တိကျတယ်၊ သေသပ်တယ်
လုံးဝ ယုံကြည်ရတယ်။
တစ်နေ့မဟုတ်တစ်နေ့မြှားဆိပ်တွေတက်
တစ်ယောက်နဲ့ တစ်ယောက် ပေါင်းဖက်ကြရတယ်။
မွေးလာသမျှ သူကမြှားနဲ့ခွင်း
သတ်မှတ်ခြင်းတွေပေးလို့
မရောက်ရောက်အောင်သွား
တော်တော်များများကချစ်သွားကြတယ်လေ......
ဒါပေမဲ့လေ..........
မကျေမနပ်နဲ့ကြည့်မိတော့
စိတ်မရှိပါနဲ့ဗျာ....
အလုပ်တွေများသွားလို့
ခင်ဗျားကိုမေ့သွားတယ်တဲ့.....
ဒါဆိုရင်လဲ ကျူးပစ်ရေ
အချစ်ပန်းတွေပွင့်စေတဲ့
သင့်ရဲ့ လေးနဲ့မြှား
ကျွန်တော့်ကို ခဏငှားပါ.....




No comments:
Post a Comment