Tuesday, 14 July 2015

စိတ်မပူပါနဲ့ ...

နင့်ဘက်က တွေဝေနောက်ဆုတ်ပြီ...

ခြေလှမ်းတွေရုတ်သိမ်းလို့ 

ကျောခိုင်းခဲ့မယ်ဆိုရင်တာင်

ကျမရဲ့ အချစ်တွေကို

မာနနဲ့  ဖုံးအုပ်ပြီး

ဟန်မပျက် ရပ်တည်နိုင်အောင်

ကြိုးစားပြမယ်.....ချစ်သူ..........

စိတ်မပူပါနဲ့ ....ကျမအတွက်......................။

.....................................................................................
အရှိန်ပြင်းတဲ့ ကျမရဲ့ အချစ်တွေကို

အခြားအရာတစ်ခုနဲ့  တားမရပေမယ့်

ခံပြင်းမှုဆိုတဲ့ မိန်းမမာနနဲ့ 

ရိုက်ချိုးဖျက်ဆီးပြီး

ကျမရဲ့ အင်းအားကြီးမာလှတဲ့

အချစ်တွေကို....

ရပ်တန့် အောင် လုပ်ပြမယ်......ချစ်သူ..............။

No comments:

Post a Comment