Tuesday, 14 July 2015
စိတ်ချပါ ချစ်သူ...
"၀မ်းမနည်းပါနဲ့ နော်...." လို့  မပြောပါနဲ့ 
ငါ ၀မ်းနည်းနေမှာ နင် စိုးရိမ်နေခဲ့ရင်....
ငါကို...၀မ်းနည်းအောင်...လုပ်မိသလား
အရင် ပြန်တွေးကြည့်ပေးပါ........ချစ်သူ....။
"မငိုနဲ့ နော်...." လို့  မပြောပါနဲ့ 
ငါ ငိုမှာ နင် မကြိုက်ဘူးဆိုရင်...
ငါ့ကို ငိုအောင်လုပ်မိနေသလား..
အရင် ပြန်တွေးကြည့်ပေးပါ.......ချစ်သူ.........။
"စောစောအိပ်နော်..."တဲ့
ငါ အိပ်ရေးပျက်မှာ နင် စိတ်ပူတတ်မယ်ဆိုရင်...
ငါအတွက် မှောင်မိုက်ညတွေ ဖန်တီးပေးမိသလား
အရင် ပြန်စဉ်းစားပေးးပါ..........ချစ်သူ..............။
~~~~~~~~~~~~~~~~~~~~
စိတ်ချပါ ချစ်သူ...
နင် ဖြစ်ချင်တဲ့အတိုင်း. ငါ နင့်စိတ်ကြိုက်နေပါ့မယ်..
ငါ့ရင်ထဲက ခံစားချက်တွေကိုလည်
နင် မမြင်အောင် သိုဝှက်သိမ်းဆည်းထားပါ့မယ်...ချစ်သူ....။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment