♥♥ ချစ်သူ ငါကိုယ်ငါတောင် မသိလိုက်တဲ့
တဒင်္ဂလေးမှာပေါ့..............။
♥♥ ငါမှာ ရှိတဲ့အကြင်နာ ၊ မေတ္တာလေးတွေနဲ့ 
မင်းပေါ်သံယောဇဉ်ကြီးစွာ နှောင်းဖွဲ့ မိခဲ့လေတယ်...။
♥♥ ငါရင်ခုန်သံလေးတွေ စက္ကန့်မလပ် ရွေ့ လျားတုန်ခါနေတယ်
မင်းကို တမ်းတသတိရနေတယ်လို့ လေ.............။
♥♥ တကယ်တော့ ချစ်သူငါပေးတဲ့အချစ်ရဲ့ တုံပြန်မှု
ဘာလဲ ငါမသိချင်ခဲ့မိပါဘူး.......................။
♥♥ ဒါပေမဲ့လေ....ချစ်သူရယ်.....
ငါမျှော်လင့်ထားမိတဲ့ အရာတခုရှိတယ်
ငါဘ၀ရဲ့ကမ္ဘာငယ်လေးကိုလေ
လှလှပပ ပုံစံသွင်းအလှဆင်ပေးဖို့ 
ချစ်သူ မင်းကိုလေ...ယုံကြည်စွာဖြင့်
ငါ....................
မျှော်လင့်ချစ်နေခဲ့မိတယ်.....။.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
@ ချစ်သူ...နင့်ငါရင်ထဲကို ၀င်လာခဲ့တော့..
ဝင်မလာပါနဲ့ လို့ ငါမတားခဲ့ပါဘူး..........။
@ ချစ်သူ ...နင့်ပြန်ထွက်သွားတော့လည်...
ထွက်မသွားပါနဲ့ လို့ မတားခဲ့ပါဘူး..........။
@ ငါရင်တခုလုံးရစရာမရှိတော့အောင်နင့်ချေမွစေခဲ့တယ်...
ဒါပေမဲ့.....
ဒီလိုမထားခဲ့ပါနဲ့ လို့ ငါမပြောရက်ပါဘူး....။
@ နင့်ကျေမွအောင်လုပ်ခဲ့တဲ့ငါရင်တစ်စုံနဲ့ ..
အထီးကျန်တဲ့ နေ့  ၊ ည တွေကိုကျော်ဖြတ်ရင်...
ငါ.................
ဘ၀ခရီးတွေကိုရှေ့ဆက်လျှောက်ရအုံးမယ်....ချစ်သူ...........။
No comments:
Post a Comment