Wednesday, 8 July 2015

အမှတ်တမဲ့

နင်ရဲ့
အိမ်မက်တွေ လှပဖို့ အတွက်
လိမ်လည်ခြင်းကိုအသုံးချ
ပရိယာယ်တွေနဲ့တပ်ဆင်
ဖြူစင်ခဲ့ဖူးတဲ့ နှလုံးသားတစ်ခု
ညစ်နွမ်းအောင်
ဆေးရောင် အမျိုးမျိုးနဲ့ 
ချယ်သတဲ့သူ....ပါပဲ...။

ဘာပဲဖြစ်ဖြစ်ပေါ့လေ
တစ်ခါတစ်လေ
တိုက်ဆိုင်မှုတွေရှိလာရင်တော့
ချည်နှောင်ခဲ့ဖူးတဲ့ သံယောဇဉ်တွေကြောင့်
ဘယ်ဘက်ရင်အုံက
တဆစ်ဆစ်နဲ့ နာနေတတ်တုန်းပါပဲ..........။

No comments:

Post a Comment