Saturday, 11 July 2015

နင့်........နဲ့ .......... ငါ.....

ဂစ်တာသံတွေရယ်
ခြေသံတစ်စုံရယ်
မနက်ဖြန်တွေအတွက် အတွေးသစ်တွေရယ်
ငါကို ခြောက်လန့် သွေးပျက်စေတယ်..


တိတ်ဆိတ်တဲ့  ညအလယ်မှာ
ဝရံတာရှေ့ထွက်ရပ်လို့ 
ဖြတ်သွားဖြတ်လာစုံတွဲလေးတွေကိုကြည့်ရင်
လွမ်းဆွတ်တတ်အောင်လည်
နင်သင်ပေးခဲ့ တယ်...........

အလွမ်းကဗျာတချို့ ရယ်
ကာရံတွေ ဖရိုဖရဲတချို့ နဲ့သံစဉ်တွေရယ်..
အိမ်ရှေ့က ထိုင်ခုံလေးရယ်...
ငါ့ကိုပိုလွမ်းစေခဲ့တယ်............

ဒီလိုပါနဲ
ပထ၀ီမြေကြီးလည်ပတ်နေခဲ့ပေမဲ့ 
ကမ္ဘာကြီးရှိနေသ၍
ဆုံမှတ်တစ်ခုမှာ
နင့်........နဲ့ .......... ငါ.....
တွေ့ ဆုံမယ်ဆိုတဲ့ ..မျှော်လင့်ချက်တွေနဲ့ 
ငါ............................................

No comments:

Post a Comment