Tuesday, 14 July 2015

..ဒါကြောင့် နင့်ကို ငါထွက်သွားခွင့်ပြုလိုက်မယ်.....

နင်ငါလက်တွေကိုဖြုတ်ဖျက်ခဲ့မှန်း ငါသိရက်နဲ့ 
ငါ ....နင့်လက်တွဲမဖြုတ်ခဲ့မိဘူး.................ချစ်သူ
နင်ငါအပေါ် ခံစားချက်မရှိတော့မှန်း ငါသိရက်နဲ့ 
ငါ....နောက်မဆုတ်ခဲ့မိဘူး.......................ချစ်သူ
နင် မလိုအပ်တော့မှန်း ငါသိရက်နဲ့ 
ငါ....လှည့်ထွက်မသွားခဲ့မိဘူး....................ချစ်သူ
နင် တန်ဖိုးမထားတော့တာ သိရက်နဲ့ 
ငါ မုန်းမရခဲ့မိဘူး....................................ချစ်သူ
နင်ကိုငါ စွန့်လွတ်လိုက်သင့်မှန်း သိရက်နဲ့ 
ငါ အတ္တတစ်ခုနဲ့ နင့်နှလုံးသားတစ်ခုကိုဆုပ်ကိုင်ထားမိတုန်းပဲ
တစ်ကယ်ဆို နင်ပြောသလို ငါချစ်တဲ့သူဆို
ငါလွတ်လပ်ခွင့်ပေးသင့်တာပေါ့..........နော်ချစ်သူ

ချစ်သူ နင့်မှန်ပါတယ်………..ဒါကြောင့် နင့်ကို ငါထွက်သွားခွင့်ပြုလိုက်မယ်.....

No comments:

Post a Comment