Saturday, 11 July 2015

နင့်ကို ငါထွက်သွားခွင့်ပြုလိုက်မယ်.....+ငါ လိုအပ်တယ်လို

နင်ငါလက်တွေကိုဖြုတ်ဖျက်ခဲ့မှန်း ငါသိရက်နဲ့ 
ငါ ....နင့်လက်တွဲမဖြုတ်ခဲ့မိဘူး.................ချစ်သူ


နင်ငါအပေါ် ခံစားချက်မရှိတော့မှန်း ငါသိရက်နဲ့ 
ငါ....နောက်မဆုတ်ခဲ့မိဘူး.......................ချစ်သ

 
နင် မလိုအပ်တော့မှန်း ငါသိရက်နဲ့ 
ငါ....လှည့်ထွက်မသွားခဲ့မိဘူး....................ချစ်သူ


နင် တန်ဖိုးမထားတော့တာ သိရက်နဲ့ 
ငါ မုန်းမရခဲ့မိဘူး....................................ချစ်သူ


နင်ကိုငါ စွန့်လွတ်လိုက်သင့်မှန်း သိရက်နဲ့ 
ငါ အတ္တတစ်ခုနဲ့ နင့်နှလုံးသားတစ်ခုကိုဆုပ်ကိုင်ထားမိတုန်းပဲ
တစ်ကယ်ဆို နင်ပြောသလို ငါချစ်တဲ့သူဆို
ငါလွတ်လပ်ခွင့်ပေးသင့်တာပေါ့..........နော်ချစ်သူ

ချစ်သူ နင့်မှန်ပါတယ်………..ဒါကြောင့် နင့်ကို ငါထွက်သွားခွင့်ပြုလိုက်မယ်.....


===================================================
===================================================
 
ငါ လိုအပ်တယ်လို့  နင့်ကို
ဘယ်တော့မှမပြောဘူး....
နင့်ငါကို မာထန်မှာစို့ လို့ .....

ငါ နင့်ကို သ၀န်တိုတတ်တယ်
လွမ်းနေတယ်လို့  နင့်သိအောင်
ဘယ်တော့မှမပြောဘူး...
နင့် ငါအပေါ်ရက်စက်မှာစို့ လို့...

ငါနင်ရှိရင် ငါပျော်တယ်
နင့်ကို အရမ်းချစ်တယ်လို့
ဘယ်တော့မှမပြောဘူး…
နင်ပေါ့ပျက်ပျက်ဖြစ်နေမှာစို့ လို့ ..

တကယ်ပါ
နင်က ထားခဲ့မယ်ဆိုရင်
ငါ့ဘ၀မှာ
ဆန္ဒ နဲ့  လိုအပ်ချက်ဆိုတာ
ဘာမှကျန်ရှိမှာမဟုတ်တော့ဘူး ချစ်သူရယ်....။

No comments:

Post a Comment