အလွမ်းအဆွေးကဗျာတပုဒ်ကို
သီးကုံရေးဖွဲ့ လို့ 
တစ်ရှိုက်မက်မက် ဖက်တွယ်ထားပါ့မယ်...
အသက်တစ်ခါရှုလိုက်တိုင်း
နှလုံးသားကတစ်ဆစ်တစ်နာကျင်နေခဲ့
အလွမ်းကိုမဖြေဖျောက်ချင်ခဲ့ဘူး
မောင့်ပေးခဲ့တဲ့အလွမ်းကို
ရူးမိုက်စွာနဲ့သောက်သုံးနေခဲ့မှ
မဆုံနိုင်မှန်းသိရဲ့နဲ့ ချစ်ခဲ့တယ်လေ...
မဖြစ်နိုင်မှန်းသိသိနဲ့ရှေ့တိုး
နှလုံးသားတစ်ခုကိုလှည့်စား
အပြုံးလှလှတစ်ခုနဲ့ရက်စက်မှုတွေ
အကြိမ်းကြိမ်း အခါခါ
မောင်ကထားသွားခဲ့တာတောင်
မမုန်းနိုင်မနာကျင်နိုင်ပဲ
ခုထိဆက်ချစ်မိလွမ်းနေမိတဲ့
ကျမနှလုံးသာကိုပဲ
အပြစ်တင်မုန်းမိတယ် မောင်ရယ်
No comments:
Post a Comment