Wednesday, 15 July 2015

သူစိမ်း

ရယ်မောခြင်းတွေ ငါ
မေ့ထားတာပါ...။
ရင့်ကျက်နေသူတစ်ယောက်လို့ 
ငါ ဟန်ဆောင်ပြီ
မျက်နှာကို တည်တည်ကြီးလုပ်ပြီ
နေလိုက်မိတယ်
တစ်ခါတစ်လေ
ငါရဲ့
ဝင်သက် ထွက်သက် တွေတောင်
အသက် ရှုမ၀ ခဲ့တာ ဘယ်သူသိနိုင်မှာလဲ..

ငါ့ မျက်ရည်တွေကိုရော့
ဘယ်သူ က စာနာ နားလည်ပေးနိုင် မလဲ...

.............
ငါဆိုတာက..........အားလုံးအတွက်
သူစိမ်း တစ်ယောက်ပါ...........
.................
နောက်ဆို နင့်ရဲ့ 
"အချစ်စစ်မ၀င်ရ"
ဆိုတဲ့ တားမြစ် နယ်မြေလေးထဲမှာ
ဘယ့်တော့မှ ခြေဦး မချမိစေဖို့ 
ငါ့ ရဲ့  ခြေထောက်တွေ
ရိုက်ချိုးထားပြီး
ငါမျက်စီတွေကို
အစားထိုး လဲပစ်လိုက်တော့မယ်......။


........................................................................
..........................................................................
 
*** သတိရခြင်တဲ့လေ***


မြင်နေမိတယ်..ပုံရိပ်လေးတစ်ခု
ဒါသူတွေ တစ်စုံတစ်ယောက်ကို
နက်ရှိုင်းစွာ သတိရနေတာ
သက်သေတွေပဲလေ............


***အလွမ်းတဲ့လေ***

အသံမမြည်ဘူးဆိုပေမဲ့
ပုံဖော်ပြလို့ မရဘူး
သက်သေပြလို့ မရဘူး
မြင်ယောင်တယ်
ကြားယောင်တယ်
ချစ်သူရဲ့ အပြုအမှုလေးတွေ
သံစဉ်တစ်ခုလို့ ပဲ.................


***အချစ်တဲ့လေ***

တို့ထိလို့မရနိုင်ပေမဲ့

ရင်ဘတ်ရဲ့အနက်ရှိုင်းဆုံးထောင့်မှာတော့

ခပ်ပါးပါးလေးနေရာယူလို့......

ရိုးရိုးလေးနဲ့ ၊ မြတ်နိုးခြင်တွေပဲပြည့်နေတယ်
အမုန်းလဲမရှိပါဘူး ၊ အတ္တလဲ မရှိပါဘူး ၊
ရယူချင်လဲ မရှိပါဘူး ၊စွန့်လွတ်လိုစိတ်လဲမရှိပါဘူး
ဒီတိုင်းလေးနဲ့ ပါပဲ.............................................



အခုတော့ငါက..........................
အချစ်ဆိုတဲ့  မျော့ကွင်းထဲက
သတိရခြင်တွေ ၊ လွမ်းဆွတ်ခြင်တွေ
အဖော်ပြုလို့ 
မညီမညာနဲ့  ကာရံတွေလဲ မလှမပနဲ့ 
ပုံစံလဲ မကျမနနဲ့ ......................................
အဲဒါကငါလေ.....................................................

No comments:

Post a Comment