တစ်နေ့ထက်တစ်နေ့
ပိုတိုးတိုးလာတဲ့ အလွမ်းတွေကြောင်း
ကုန်ဆုံးတော့မယ် တစ်နေ့တာနဲ
ရောက်လာမဲ့ မနက်ဖြန်တိုင်းကို
ငါကြောက်နေမိတယ်
ပိုတိုးတိုးလာတဲ့ အလွမ်းတွေကြောင်း
ကုန်ဆုံးတော့မယ် တစ်နေ့တာနဲ
ရောက်လာမဲ့ မနက်ဖြန်တိုင်းကို
ငါကြောက်နေမိတယ်
.................................................................................
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
တကယ်လို့ ပေါ့
တကယ်လို့
တစ်နေ့နေ့မှာ နင့်ဘဝထဲ ငါဆိုတာရှိနေခဲ့သေးရင်
ငါ့ရဲ့အရိပ်၊ ငါရှင်သန်ခဲ့ဖူးတယ်ဆိုတာကို မေ့လိုက်ပါ။
နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာ၊
လွမ်းမှာကို ငါမလိုလားလို့ပါ။
တကယ်လို့
တစ်နေ့နေ့မှာ နင့်မှတ်ဉာဏ်ထဲ ငါဆိုတာပျောက်ဆုံးမသွားသေးရင် နင်နဲ့အတူရှိခဲ့ဖူးတဲ့ စက္ကန့်တိုင်း၊ မိနစ်တိုင်းကို၊ နာရီတိုင်းကို
မေ့ပစ်လိုက်ပါ
ငါ ကြိုက်တတ်တာ၊ မကြိုက်တတ်တာတွေကို သတိထားမနေပါနဲ့ ....။
ဘာအတွက် ငါပျော်တယ်၊ ဘာအတွက် ငါနာကျင်တယ်ဆိုတာတွေ သတိထားမနေပါနဲ့ တော့........................................................။
ငါ့ခံစားချက်ကိုတွေ နင့်မသိချင်ဟန်ဆောင်သွားပါ
နင်နဲ့ပတ်သက်သမျှ ဘယ်အရာကိုမှ
ငါမေ့ပစ်လိုက်မှာ မဟုတ်ပါဘူး။
နင့်ရဲ့အကျင့်၊ နင့်မကြိုက်တာတွေ၊
နင့်ရဲ့ ပျော်ရွှင်မှု၊ နာကျင်တဲ့ခံစားချက်တွေ
ငါမေ့မှာမဟုတ်ဘူး။
ဒါပေမယ်...နင့်ငါကို မေ့ပစ်ပါ
ငါအတွက်နဲ့ နင်စိတ်ထိခိုက်မှာ၊ နာကျင်မှာငါမလိုလာလို့ ပါ............။

No comments:
Post a Comment