Tuesday, 14 July 2015

အလွမ်းစာတွေ နင့်ဖတ်ဖို့ စွတ်စွတ်ရေးနေမိခဲ့တယ်..

တစ်နေထက်တစ်နေ့

ပိုတိုးတိုးလာတဲ့ အလွမ်းတွေကြောင်း

ကုန်ဆုံးတော့မယ် တစ်နေ့တာနဲ

ရောက်လာမဲ့ မနက်ဖြန်တိုင်းကို

ငါကြောက်နေမိတယ်

............................................
မျှော်လင့်ခြင်တွေ ရရှိခဲ့လို့ 
အိပ်မက်တွေနဲ့  ငါပျှော်ရွှင်တဲ့အချိန်မှာ
နင်လှောင်ရယ်သံတွေကြောင်း
ငါ့နှလုံးသားလဲ အဆိပ်တတ်လို့ 
ခြောက်သွေ့ နေခဲ့ရတယ်

စွဲချက်တွေနဲ့ နင့်...............
ငါ့အနားက မင်းထွက်သွားချိန်မှာတော့
လောင်းစားအသုံးမပြုရပဲ
ငါရင်ဘတ်တစ်ခုလုံးလောင်ကျွမ်းခဲ့ရလို့ 
ငါ့နှလုံးသားလဲ သေဆုံးခဲ့ရတယ်..........

......................................................................

ကဗျာ တပုဒ်ရေးမလို့ 
နှလုံးသားက ကာရံတွေမညီတော့
အတွေးများလည်းရှုပ်ယှက်ခတ်လို့
နင့်ဖတ်ဖို့ ရေးဖြစ်တဲ့ ကဗျာ...ပါ
တနေ့နေ့တော့.....နင့်လာဖတ်လှည့်ပါ...
..............
ရင်ဘတ်ထဲမှာတော့
ဘာမှမရှိဘူး နတ္ထိတွေနဲ့ ပြည်နေတယ်
ငိုကြွေးသံသဲသဲတော့
သံစဉ်တွေနဲ့  ရော့နှောပီး ကြားမိတယ်...
ငါတွက် အလွမ်းဂီတတွေလေ
.........................
နှလုံးသားထဲအမြစ်တွယ်နေတဲ့
အချစ်နယ်က ကျရှုံးခဲ့ရလို့ 
ငါ
အမုန်းတွေနဲ့  မိတ်ဖွဲ့ ရတယ်..
ခုတော့
အလွမ်းတွေကိုထွေးပိုက်ရလို့ 

အလွမ်းစာတွေ
နင့်ဖတ်ဖို့ စွတ်စွတ်ရေးနေမိခဲ့တယ်..........................

No comments:

Post a Comment