ရင်ခုန်သံတွေရှိနေသေးတယ်လို့
ယုံကြည်တယ်ဆို...
မာနဆိုတဲ့တံတိုင်းကိုချိုးဖြတ်ပြီးလာခဲ့ဖို့
ပြန်လှည့်သင့်ပါတယ်....ချစ်သူရယ်
မာနတွေတန်ဆာဆင်
ဟန်ဆောင်အပြုံးတွေ ပြုံးပြ
နှလုံးသားတွေ
ပြိုပျက်ကြေကွဲနေမဲ့လမ်းကို
ရင်ခုန်သံတွေ ရှိနေသေးလျှက်နဲ့ 
ဘာကြောင့်ရွေးချယ်ရမလဲ...ချစ်သူ
ဘာအတွက်ကြောင့်များ
ကျောခိုင်းဖို့ကြိုးစားနေမှာလဲချစ်သူ...ရယ်..။
No comments:
Post a Comment