အချစ်အတွက်....ငါခဏခဏ
စာဖွဲ့ ခဲ့တယ်....ငိုကြွေးခဲ့ဖူးတယ်
နင့် မပေးနိုင်တဲ့ ယုံကြည်မှုကို
တယုတယ တောင်းဆိုခဲ့တာ...
ငါ မာနကို မသိတဲ့လူသားတစ်ယောက်
ဖြစ်ခဲ့မိလို့ လား.................................
ငါနှလုံးသားက နာကျင်နေတဲ့
ဒဏ်ရာတွေ အပြည့်နဲ့ လေ
ဒါပေမဲ့ ....ချစ်သူရဲ့...............
နွေးကြေင်နာမှုကို မျှော်လင့်နေမိသေးတာ
ငါ့...တကယ်ပဲရူးမိုက်နေခဲ့မိလို့ လေ.......................
နောက်ဆုံးမှာတော့........
..........တခုပဲ တောင်းဆိုပါရစေ
..........ငါကို ဘယ့်တော့မှ အမှတ်မရပါနဲ့ လို့ လေ ။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လေလွင့်ရာ........
လေလွင့်ရာ လမ်းတွေထဲ ငါက
စိတ်ကူး အိပ်မက်တွေနဲ့  အတူတူပေါ့...
ငါအဲဒီ အိပ်မက်စိတ်ကူးကြောင့်
ဖြတ်ကျော်ရမဲ့ လှိုင်းကြမ်းတွေ၊
တောတောင်တွေ ရှိနေခဲ့တယ်.........
တခါတလေ လမ်းပျောက်သွားမှာ စိုးရိမ်စိတ်
ဆောက်တည်ရမရာ ငိုကြွေးခဲ့တာလဲ
အကြိမ်းကြိမ်းပေါ့...............................
ငါကာလကြာရှည်စွာ ရေးသားခဲ့တဲ့ နေ့ စဉ်မှတ်တမ်းလေးကို
ကတိပေးထားတယ်...
ငါရဲ့ မျှော်လင့်ချက်ကို မပျောက်ပျက်အောင် ထိန်းသိမ်းရင်
စိတ်ကူးအိပ်မက်ဆီကို
တနေ့  ................အရောက်သွားမယ်လို့ ............................
No comments:
Post a Comment