Friday, 10 July 2015

ရင်ခုန်သံတွေအသက်ဝင်နေတယ်......။

နှလုံးသားကို စုတ်ချက်ဆွဲ
ညင်သာစွာတေးဂီတနဲ့ပျော်မြူးစေပြီးမှ
သွေးရောင်ဖိတ်စင်
ဟိုတစ်ကွက် ဒီတစ်ကွက်
ဆေးစက်တွေတင်လို့
ကြည့်မလှခဲ့ဘူး.........................

ဒါပေမယ်
သေချာစိုက်ကြည့်
ပကတိအထဲက
နှလုံးခုန်သံ တဒိတ်ဒိတ်
ဆေးစက်တွေ တရိပ်ရိပ်နဲ့ 
ရင်ခုန်သံတွေအသက်ဝင်နေတယ်......။

No comments:

Post a Comment