ဖုန်းလေးကို lock ပိတ်လိုက်ဖွင့်လိုက်လုပ်ရင်းနဲ့ 
နင့်ဆက်သွယ်လာဖို့ စောင့်နေမိတယ်
နင့်ငါကိုဆက်သွယ်ဖို့ များမေ့နေသလားချစ်သူ........
ခါးသက်သက် ကော်ဖီးblack coffee ကိုသောက်ရင်း
ကွန်ပျူတာရှေ့ ငေးငေးငိုင်ငိုင်ထိုင်းရင်း
နင့်တတ်လာဖို့  စောင့်နေမိတယ်...
နင်ငါကိုသတိမရတော့တာလားချစ်သူ..
ဝရံတာရှေ့ထွက်ရပ်တဲ့အခါ
ဖြတ်သွားဖြတ်လာစုံတွဲလေးတွေကြို
ဟိုတွေးဒီတွေးနဲ့ စဉ်းစားလို့ သက်ပြင်းသဲ့သဲ့ချ
နင့်တမင်များ ပစ်ထားသလားချစ်သူ...........
********************************************************
********************************************************
ဟုတ်တယ် ငါက အမှတ်မရှိဘူး
နင်ငါ့ကိုပစ်ထားခဲ့တာတောင်
နင့်ကို ရူးမိုက်စွာ ငါသတိရနေဆဲလေ..
ဟုတ်တယ် ငါက အမုန်းဆိုတာမသိပါဘူး
နင့်ဘယ့်လောက်ပဲ နာကျင်အောင်ပစ်ပစ်ခါခါ
ပြောဆိုနေခဲ့လဲ...ငါမမူပါဘူး
မုန်းလဲ မမုန်းသွားပါဘူး.........
ဟုတ်တယ် ငါကျူးလွန်တဲ့အမှားကတော့
နင်ငါ့ကို တန်ဖိုးထားချစ်ခဲ့တာမဟုတ်ပေမဲ့လ
ငါကချစ်စစ်နဲ့ချစ်ခဲ့မိပါတယ်လေ
ဟုတ်တယ် ငါက ရူးသွပ်နေသူပါ
နင်ဆိုတဲ့ စိတ်တစ်ခုနဲ့ အချစ်ရူးဆိုတဲ့ ပုဒ့်မရရှိခဲ့လည်း
ဒီအတွက် ငါပျော်ပါတယ်..................
No comments:
Post a Comment