မောင်နဲ့ ကျမ.....
သီချင်းတွေ ဖလှဲရင်းအတူတူနားထောင်ဖြစ်တယ်
ကဗျာတွေ အကြောင့်ပြောဆိုရင်
အိပ်မက်တွေ တူတူမက်ခဲ့ကြတယ်..
အမြင်မတူတာဘူးဆိုတာတွေ
အသွင်မတူတာဘူးဆိုတာတွေ
ဂုဏ်ပကာသနတွေ၊ အတ္တတွေ ၊ အနိုင်ယူလိုမှုတွေ
အဲ့ဒါတွေ....ကျမတို့ စိတ်ထဲမရှိခဲ့ဘူး.....
မောင်ပြောသမျှကို ကျမနားထောင်ပေးခဲ့တယ်
ကျမပြောသမျှကိုလည် မောင်နားထောင်ပေးခဲ့တယ်
ရင်ဘတ်ချင်ထပ်တူကျစွာ ရင်ဖွင့်ဖြစ်ခဲ့ကြတယ်......
မောင်အနားမှာ ကျမလာရောက်မနေနိုင်ခဲ့လည်
မောင်အတွေးတွေထဲမှာ ကျမနေ၇ာအပြည့်ယူထားတယ်
ကျမနဲ့ အနားမောင်လာေ၇ာက်မနေနိုင်လည်
အတွေးတွေထဲ၊ ရင်ဘတ်တွေထဲ ၊ အလွမ်းတွေထဲ
မောင်ရှိနေခဲ့တယ် နာရီစက္ကန့်တိုင်မှာပေါ့.............
မောင်နဲ့ ကျမတို့ အဲလိုရိုးရိုးလေးချစ်ခဲ့ကြတာပါ.........။
No comments:
Post a Comment